Monday, September 29, 2008

မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦး (လွတ်မြောက်နယ်မြေ) ဖွဲ့စည်း

Mon 29 Sep 2008, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
မြန်မာပြည်ဒီမိုကရေစီ လှုပ်ရှားရေးအတွက် မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦး (လွတ်မြောက် နယ်မြေ) ကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကော့ကရိတ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် အမတ်မှ ဦးဆောင်၍ မနေ့ကဖွဲ့စည်းခဲ့သည်။

မွန်ဒီမို (လွတ်မြောက်နယ်မြေ) ဖွဲ့စည်းခြင်းကို ပြည်ပအခြေစိုက် ဒီမိုကရေစီလှုပ်ရှားသူများက ကြိုဆိုလိုက်ပြီး ဖွဲ့စည်းခြင်းအခမ်းအနားသို့ တက်ရောက်အားပေးခဲ့သည်ဟု ဆိုသည်။

"အဓိကကတော့ ကျနော်တို့ မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦးက ၁၉၉၀ ရွေးကောက် ပွဲပြီး တဲ့နောက်ပိုင်း ၁၉၉၂ ခုနှစ်လောက်မှာ စစ်အစိုးရက တရားမဝင် အဖွဲ့အစည်းအဖြစ်နဲ့ ကြေညာလိုက်ပြီး အဖွဲ့ကိုဖျက်သိမ်းလိုက်တယ်။ ကျနော်တို့ ခေါင်းဆောင်တစ်ချို့ကိုလည်း ထိန်းသိမ်းထားလိုက်တယ်။ ဒါကြောင့် ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ မရဘူး။ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ရန် ရည်ရွယ်ပြီး ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်တယ်" ဟု မွန်အ မျိုးသားဒီမိုကရက်တစ်တပ်ဦး လွတ်မြောက်နယ်မြေ အတွင်းရေးမှူး နိုင်ဥဿာက လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ရှင်းပြသည်။

"ပြည်ပမှာရှိတဲ့ မွန်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တခြားတိုင်းရင်းသား မဟာမိတ်အဖွဲ့ အစည်းများနဲ့လည်း ပူးပေါင်းပြီးတော့ မြန်မာပြည်ဒီမိုကရေစီရေးအတွက် လှုပ်ရှားသွားမယ်။ အခုအချိန်လည်း ပြည်သူတွေက စစ်အစိုးရကို လုံးဝလက်ခံနိုင်တဲ့အနေအထား မရှိတော့လို့ လှုပ်ရှား ဖို့ အသင့်တော်ဆုံးအချိန်ဖြစ်တယ်" ဟု နိုင်ဥဿာက ပြောပြသည်။

တပ်ဦးဥက္ကဌကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် နိုင်သောင်းရှိန်က ဦးဆောင်ပြီး တခြားလူငယ်များနှင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရှိ မွန်အဖွဲ့အစည်းများက တပ်ဦးဖွဲ့စည်းလိုက်ခြင်းကို အားပေးပြီး မွန်ခေါင်းဆောင် များကလည်း လွတ်မြောက်နယ်မြေ ဖွဲ့စည်းခြင်းကို လွန်ခဲ့သော နှစ်များကတည်းက နိုင်သောင်းရှိန်ကို တိုက်တွန်းအားပေးခဲ့သည်။

မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦးသည် ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက် ပွဲတွင် မဲငါးနေရာ ရရှိထားသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့၏ အဖွဲ့ ဝင်ဖြစ်သည်။

တပ်မတော် စစ်ဆေးရုံကို တရုတ်သို့ရောင်း

Mon 29 Sep 2008, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
မြန်မာစစ်အစိုးရမှ တပ်မတော် စစ်ဆေးရုံသုံးရုံကို တရုတ်လက်သို့ ရောင်းလိုက်သည့်အတွက် တပ်မတော်ဆေးရုံဝန်ထမ်းများ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ်သို့ ပြောင်းရွှေ့ ရန် ရှိသည်ဟု ဆေးရုံနှင့်နီးစပ်သောသတင်းရပ်ကွက်က ပြောသည်။

အရောင်းခံရသောဆေးရုံများတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးကုဆေးရုံ ကုတင်-၅၀၀ နှင့် တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀)၊ အခြားဆေးရုံ (ကုတင်-၅၀၀) တို့ဟု ၎င်းသတင်းရပ်ကွက်က ပြောသည်။

"တော်တော်လေး ကောင်းတဲ့ အဆောက်အအုံပဲ" ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ တပ်မတော်ဆေးရုံကြီး (ကုတင်- ၁၀၀၀) သည် သုံးထပ်အဆောင်ဖြစ်ပြီး အခြား ဆေးရုံနှစ်ရုံမှာ ထိုကုတင်- ၁၀၀၀ ထက် ငယ်ပြီး သာမန်အဆောက်အအုံမျှသာ ဖြစ်သည်။

ထိုဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမှာ နေပြည်တော်နှင့် ၈၆ မိုင် ကျော်ကျော်ကွာဝေးသော ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ်သို့ သွားရောက် အမှုမထမ်းလိုကြပေ။ ထိုသို့ ဝေးလံသောဒေသသို့ ဝန်ထမ်းအားလုံး ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရမည်ဆိုသောကြောင့် ၎င်းတို့သည် တာဝန်မှ ရပ်ဆိုင်းလိုကြသည်။

စစ်တပ်နှင့်နီးစပ်သောသတင်းရပ်ကွက်အရ ရန်ကုန်တိုင်းအတွင်းရှိ ကျွမ်းကျင်သော စစ်ဘက်ဆိုင်ရာ ဆရာဝန်ကြီးများကို မြန်မာစစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်တို့မှ ကြပ်ပြေး နေပြည်တော်သို့ ပြောင်းရွှေ့ချိန်တွင် ၎င်းတို့ကို တပါတည်း ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

တပ်မတော်ဆေးရုံများသာမက စစ်ဘက်ဆိုင်ရာအရာရှိများနေထိုင်သည့် ဒဂုံမြို့နယ်ရှိ ပြည်ထောင်စုလမ်းရှိ ပြည်ထောင်စုရိပ်သာကိုလည်း တရုတ်သို့ ရောင်းလိုက်ကြောင့် ၎င်းသတင်းရပ်ကွက်က ပြောပါသည်။

ထိုပြည်ထောင်စုရိပ်သာရှိအရာရှိများမှာ မြောက်ဥက္ကလာပမြို့နယ်ရှိ ပါရမီတိုက်ခန်းသို့ ယခုလ ဒုတိယပတ်မှ ပြောင်းရွှေ့နေထိုင်နေရသည်။ ပြည်ထောင်စုရိပ်သာ၌ နေထိုင်စဉ်တွင် လုံးချင်းတိုက်ဖြင့်နေထိုင်ကြရပြီး ယခုအခါ ထိုကဲ့သို့ တိုက်ခန်းဖြင့် နေထိုင်ရသည့်အတွက် ၎င်းတို့အတွက် အဆင်မပြေဖြစ်ရသည်။

ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု အန်ဒီဒီမှ ဦးဌေးအောင်၏အဆိုအရ မြန်မာစစ် အစိုးရမှ နိုင်ငံပိုင်ဌာနများကို တင်ဒါစနစ်ဖြင့် လေလံတင် ရောင်းချရန်ရှိကြောင်းနှင့် ၎င်းတို့အထဲတွင် စစ်ထောက်လှမ်းရေးရုံးချုပ်၊ ဝန်ကြီးချုပ်ရုံးနှင့် ရန်ကုန်အတွင်းရှိ အချို့သင်္ဘောဆိပ်တို့လည်း ပါဝင်သည်ဟု ဆိုသည်။

Sunday, September 28, 2008

Thai good worth 80 million Kyats seized in Pegu

Fri 26 Sep 2008, IMNA
Goods worth over 80 million Kyats from Thailand imported from the Myawaddy border town were seized by the Burmese military junta authorities in Pegu division three days ago, said an owner of the goods.

At least five vehicles were transporting the Thai goods like medicines, televisions sets, spare parts for vehicles, cosmetics and food items. It was seized in Waw township checkpoint about 25 kilometres in eastern Pegu (Bago) city, a vehicle owner said.

"The authorities charged the owners of importing the goods illegally. First they found the coffeemix and then seized every thing," a vehicle owner said on condition of anonymity.

At least 10,000 coffeemix packages were seized and the owners of the goods and the vehicle drivers detained.

"The police have filed a case in court. We don't know what will happen next," she added.

The owners said tax had already been paid to custom officers on some of the goods. They said they have been importing goods for many years by bribing local authorities.

The Burmese authorities recently setup checkpoints on the main road to Rangoon and are checking every vehicle entering the former capital.

The regime set up more check points after it received information that dissidents would trigger explosions in the largest city on the first anniversary of the monk led demonstrations last year.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Hosting